Products

Apple Wine ( ပန်းသီးဝိုင် )


ချင်းတောင်တန်းကထွက်တဲ့ ပန်းသီးများနဲ့ ထုတ်လုပ်ထားတဲ့ အတွက်အနံ့အရသာ ထူးကဲလေးပင်လှပါသည်။ Organic Wine အဖြစ်ထုတ်လုပ်ထားတဲ့အတွက် စိတ်ချ ယုံကြည်စွာသောက်သုံးနိုင်ပါသည်။ ပန်းသီးဝိုင်ကို အမျိုးသမီးများ အသက်ကြီးလာချိန်ဖြစ်တဲ့ ဝေဒနာတွေမခံစားရအောင် ပျိုရွယ်စဉ်အချိန်ကတည်းကစပြီး သောက်သုံးသွားသင့်ပါတယ်လို့ ဆေးပညာရှင်များက အကြုံပြုထားပါသည်။စွဲမက်ဖွယ်ကောင်းတဲ့ ပန်းသီးရနံ့ ပျောက်ပျက်မသွားတဲ့ အတွက်သောက်တဲ့အချိန်တိုင်းလန်းဆန်း တက်ကြွစေပါသည်။



Grapefruit Wine ( ဂရိတ်ဖရုဝိုင် )


ကချင်ပြည်နယ် ၊ ပူတာအိုဒေသမှထွက်သော သဘာဝ အော်ဂဲနစ် ဂရိတ်ဖရုသီးများ နှင့်ကြံရည်တို့ အချိုးကျရောစပ်ဖောက်လုပ်ထားသော ပူတာအိုဂရိတ်ဖရု ဝိုင်ဖြစ်ပါသည်။ Grapefruit Wine ကိုသောက်သုံးခြင်းဖြင့် ကျမ်းမာရေးအတွက် အထူးးသင့်လျော်ပါသည်။အဓိကအားဖြင့် Grapefruit Wine ကိုသောက်သုံးခြင်းဖြင့် လေထိုး၊ လေအောင့် ရောဂါဝေဒနာ ခံစားနေရသူတွေအတွက် အထူးးကောင်းမွန်ပါသည်။ သွေးတွင်းအဆိပ်ဓာတ် ကိုလည်းကျစေပြီး သွေးတိုးလည်းထိန်းချုပ်ပေးပါသည်။ အခြားအရောအနှောမပါတဲ့ အသီးရည်နှင့် ကြံရည် (၂) မျိုးတည်းသာ ပေါင်းစပ်ထားသော Orginic Wine စစ်စစ်ဖြစ်ပါသည်။ Grapefruit Wine ရဲ့အရသာသည် ချို ၊ ချဉ် ၊ ခါး အရသာမျိုးစုံကို တစ်ပြိုင်တည်း ခံစားရမှာဖြစ်ပြီး အခြားမည်သည့်ဝိုင်များနှင့် မတူထူးခြားသော အရသာကိုပေးစွမ်းနိုင်ပါသည်။



Grape Wine ( စပျစ်ဝိုင် )


ရမည်းသင်းဒေသ ၊ ရွာတန်းမှာ စိုက်ပျိုးသော စပျစ်သီးများဖြင့် ထုတ်လုပ်ထားပါသည်။ စပျစ်ဝိုင်သည် အမျိုးသား / အမျိုးသမီးအားလုံးအတွက် ကျန်းမာရေးအရ အထူးသင့်တော်ပါသည်။ အိပ်မပျော်သောအမျိုးသမီးများအတွက် စပျစ်ဝိုင်ကို ညစဉ်အနည်းငယ်သောက်သုံးးပေးပါက ကောင်းမွန်စွာအိပ်ပျော်နိုင်ပါသည်။ စပျစ်ဝိုင်တွင် အိုမင်းရင့်ရော်မှုကို နှေးကွေးစေသည့် ဓာတ်တစ်မျိုးပါဝင်သောကြောင့် “ မအိုဆေး ” ဟုညွှန်းဆိုထားကြပါသည်။ အသားအရည်စိုပြည်ကာနုပျိုခြင်းကို ပိုင်ဆိုင်နိုင်ပါသည်။ Orginic Wine စစ်စစ်ဖြစ်ပြီး Alcohol ပါဝင်မှုအရမ်းနည်းပါသည်။ စွဲမက်ဖွယ်ကောင်းတဲ့ အနံ့ရယ် ၊ချိုချိုမြမြ အရသာလေးရယ် နှစ်သက်စွာသောက်သုံးနိုင်ပါသည်။